
ကျွန်မနာမည်က အိုအို။ ဘယ်လိုနာမည်ကြီးလဲဆိုပြီး နှာခေါင်းရှုံ့သွားကြတယ်မဟုတ်လား။ ကျွန်မလည်း ဒီနာမည်ကို
မကြိုက်ပါဘူး။ အဖေနဲ့ အမေက အိုအို လို့ခေါ်ရင်း အားလုံးပါးစပ်ထဲမှာ အိုအိုဖြစ်သွားခဲ့တာ။ နာမည်အရင်းက အေးကြည်
တဲ့။ တောသူမဆိုတော့ တောနာမည်ပေါ့။ ဟော အခုကျတော့ ရွှေအိုရောင် ဖြစ်သွားပြန်ပြီ။ ဒါက မြို့နာမည်။ မိတယ်
မဟုတ် လား။ ရွှေအိုရောင် တဲ့။ အိုအို နဲ့ အေးကြည်ကတော့ တောမှာကျန်ခဲ့ပြီ။...