Unordered List

ဘ၀မုန်တိုင်းဒဏ်

အပျိုစင်မဂ္ဂဇင်အောက်တိုဘာလ၊ ၂၀၁၂.

Monday, May 27, 2013

ဘ၀မုန်တိုင်းဒဏ်

(၁) ကျွန်မက ဆင်းရဲတယ်။ ဆင်းရဲတာမှ အရမ်းကိုဆင်းရဲတာ။ ဆင်းရဲပြိုင်ပွဲတွေကျင်းပရင် ကျွန်မတို့ မိသားစုက နှစ်တိုင်း ပထမရမှာသေချာတယ်။ ဆင်းရဲဆို မိသားစုကလည်း ပြွတ်သိပ်နေတာကိုး။ ကျွန်မမှာ မောင်နှမ ရှစ်ယောက်ရှိတယ်။ ကျွန်မက အကြီးဆုံး။ ကျန်တာကဘာမှနားမလည်သေးတဲ့ ဘုစုခရုလေးတွေလေ။ ကျွန်မအသက်တောင် နှစ်ဆယ် ပြည့် တာမကြာသေးဘူး။ အမေက အကြော်ရောင်းတယ်။ ရောင်းလို့ရတဲ့ပိုက်ဆံက မိသားစုစားမလောက်လို့...

Sunday, May 26, 2013

ဥက္ကဌရွေးပွဲ

 (၁) ဒီကျောက်ခုံရွာသားတွေက မယားကြောက်နက္ခတ်နဲ့ပဲမွေးလာသလားမသိဘူး။ မိန်းမကိုကြောက်တဲ့နေရာမှာတော့ ပြိုင်စံရှားပဲ။ ဘာပဲလုပ်လုပ် မိန်းမမျက်နှာကိုကြည့်ရတာ။ မိန်းမမျက်နှာတစ်ချက်ညှိုးပြီဆိုတာနဲ့ ဘယ်ချောင်ပြေးပုန်း ရမလဲ မသိအောင်ကို ကြောက်ကြရတာ။ ဒီအစွဲက အခုမှရှိလာတာမဟုတ်ဘူး။ အရင့်အရင်ကတည်းက မယားကြောက် ဘွဲ့ကိုလက်ဆင့်ကမ်းလာခဲ့ကြတာ။ ကျောက်ခုံရွာမှာ သြဇာအရှိဆုံးက မိန်းမတွေလို့ကို...

Tuesday, May 21, 2013

အနက်ရောင်ဘ၀များ၏အဆိပ်သင့်ဗျူဟာ

သူကတော်တော်လေးကိုဆွဲဆောင်မှုရှိတယ်။ အရမ်းလည်း ညှို့နိုင်လွန်းတယ်။ သူ့ကိုမြင်ရင် လိုချင်တပ်မက် စိတ် တွေဝင်လာတယ်။ စွဲလန်းမိရင် လောဘရမ္မက်တွေ ကြီးလာတယ်။ သူက လူတိုင်းရဲ့သည်းခြေကြိုက်ပဲ။ ဒါကြောင့် သူ့ကို လူတွေမက်မက်မောမောရှာဖွေနေကြတာပေါ့။ (၁) ကျွန်မနာမည်က နုငယ်ပါ။ ကျွန်မနေတာက နှမ်းကျဲဆိုတဲ့တောရွာလေးမှာ။ ဒါပေမဲ့ ကျွန်မက တောကိုမုန်း တယ်။ ပြီးတော့ အမေ့နောက်ယောကျာ်းဦးထွန်းသာကိုလည်းမုန်းတယ်။...

တစ္ဆေခြောက်သောနေ့ရက်များ

နင် ရူးနေပြီ မြသွေး တဲ့။ ထိုစကားတစ်ခွန်းက နားထဲသို့ခပ်ပြင်းပြင်းတိုးဝင်လာ၏။ မြသွေး ရူးနေပြီတဲ့။  မြသွေး ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်မိ၏။ ဟုတ်သည်..။ သူတို့ပြောသလို မြသွေး ရူးနေခဲ့ပြီ။ မြသွေး သူ့ကို အရမ်းသတိရ နေသည်။ အရမ်းလည်း ချစ်မြတ်နိုးသည်။ ထိုသို့ဖြစ်နေခြင်းက မြသွေးကို အရူး တစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့ခြင်းပင်။ နှလုံးသားကိုရစ်နွယ်လာသည့်ကြိုးဆိုတာက အချည်လွယ်သ လောက်အဖြတ်ခက်သည်မဟုတ်လား။...

အမှောင်မြစ်ရဲ့ဝဲဂယက်

 (၁) “ အမယ်လေးဟယ် .. မြို့ကြီးပြကြီးဆိုတာများ တကယ်ကိုအံ့သြစရာကောင်းတာဟဲ့၊ မြင်သမျှတွေ့သမျှ အားလုံး သဘောကျပဲ ”   မိချောက သူ့ရှေ့မှာရှိနေတဲ့ ရွာသူ ရွာသားတွေကို မမောနိုင်မပန်းနိုင်အောင် ပြောပြလို့နေတယ်။ မိချောက မနေ့ကမှ မြို့က ပြန်ရောက်လာတာ။ ဒီတော့ ရွာမှာရှိနေတဲ့ ပျိုပျို အိုအိုလူပေါင်းစုံ မိချောတို့အိမ်ကိုစုပြုံပြီးရောက်လာကြတယ်။ မိချောရဲ့ အမေဒေါ်တင့်ကလည်း...

Page 1 of 41234Next
Twitter Delicious Facebook Digg Stumbleupon Favorites More